10.13
တကယ်လို့ သင်ဟာ architecture ကိုနှစ်သက်တယ်… စာဖတ်တာကလည်း သင့်ရဲ့ဝါသနာဖြစ်နေတယ်ဆိုရင် Livraria da Vila ကိုလုံးဝ သိထားသင့်ပါတယ်… Livraria da Vila ဟာ Brazil နိုင်ငံ São Paulo မြို့မှာရှိတဲ့ စာကြည့်တိုက်၊ စာအုပ်အရောင်းဆိုင် ၁ခုပါ… ဒီ library ကို design ဆွဲတဲ့သူကတော့ Architect( Isay Weinfeld )ပါ… library ရဲ့တည်ငြိမ်တဲ့ interior design ကသင့်ရဲ့ စာဖတ်ခြင်းကို ပိုမို အရသာရှိစေမှာပါ…
library ရဲ့ပုံတချို့ကို share လိုက်ပါတယ်… =) Read More …
library ကိုအရှေ့ကနေမြင်ရတဲ့ မြင်ကွင်းပါ… library ရဲ့အ၀င်ပေါက်ကို secret-lab ပုံစံမျိုးလုပ်ထားပါတယ်…
လှေခါးကို အ၀ါရောင်တောက်တောက်သုံးထားတဲ့ Architect Isay Weinfeld ရဲ့ idea ကနည်းနည်းတော့ဆန်းပါတယ်…
ground floor မှာတော့ general literature တွေကိုအဓိကတွေ့ရမှာပါ…
first floor မှာတော့ music, movie CDs တွေ DVDs တွေေ၇ာင်းပါတယ်… ခုံ ၄၀ ပါတဲ့ café ၁ခုလည်းရှိပါတယ်…
အနီေ၇ာင် Dahon Curve ခေါက်ဘီးလေးနဲ့ library မှာရှိတဲ့ café ကိုလာတဲ့လူ ၁ယောက်ပါ… library မှာစာအုပ်ဝယ်လို့ ရတယ်… CDs , DVDs ၀ယ်လို့ရတယ်… လူတွေနဲ့တွေ့လို့ရတယ်…၁ယောက်အကြောင်း ၁ယောက်ပြောရင်း coffee သောက်လို့ရတယ်… ဘာမှသွားမလုပ်ပဲ အေးဆေးသွားထိုင်နေလည်း ရတယ် … =P
စာအုပ်တွေကြားထဲက Albert Einstein အကြောင်းစာအုပ် ၁အုပ်ပါ…
မြေညီထပ်( ground floor )ကိုဆင်းတဲ့လှေခါးကို ပထမထပ်( first floor)ကနေ မြင်ရတဲ့ မြင်ကွင်းပါ…
ပထမထပ်( first floor )ကိုတက်တဲ့ လှေခါးပါ…
မြေအောက်ထပ်( underground floor )ကိုဆင်းတဲ့ လှေခါးပါ…
underground floor မှာတော့ ကလေးတွေနဲ့ဆိုင်တဲ့စာအုပ်တွေကိုတွေ့ရမှာပါ… အေးအေးဆေးဆေး စာသွားဖတ်လို့ရတဲ့ နေရာ၁နေရာလည်း ဖြစ်ပါတယ်…
စာဖတ်တာ ၀ါသနာမပါရင်တောင်မှ သွားချင်စရာ library လေးပါ … =)
သင်ကော ဒီ library လေးကိုဘယ်လိုမြင်ပါသလဲ…?
twar lal po. ka taw taw go wayy dal babe !!!

libary go york twar b so 2 days lout 8 ya mal nae tuu dal !!! kyal loon lo. lay !!!
yea babe !!! sat swal babe !!! wow !!!!!!!!!!!!!!!!! xD