11.22
ဒီတခါ post ကတော့ rainbow smoke ပုံစံမျိုးကို photoshop မှာဘယ်လိုလုပ်မလဲဆိုတဲ့ photoshop tutorial လေးပဲဖြစ်ပါတယ်… ကျွန်တော်ကိုယ်တိုင် ကြိုးစားစမ်းသပ်ပြီး ရရှိလာတဲ့ tutorial လေးပဲဖြစ်ပါတယ်…
လွယ်ကူပြီးအသုံးဝင်မယ့် tutorial လေးဖြစ်လို့ share လိုက်ပါတယ်… =)
FINAL RESULT
FINAL RESULT
ကျွန်တော်ကတော့ flickr ကပုံတစ်ပုံကိုယူသုံးလိုက်ပါတယ်… ကျွန်တော်ယူသုံးထားတဲ့ပုံကို ဒီမှာ ကြည့်နိုင်ပါတယ် … http://www.flickr.com/photos/davic/3023413089/
1 . ကိုယ်လုပ်ချင်တဲ့ ပုံကို photoshop နဲ့ဖွင့်လိုက်ပါ… ဒီ tutorial အတွက် background အနက်က အသင့်တော်ဆုံးဖြစ်ပါတယ်…
.
2
2 . photoshop ထဲကို smoke brush ထည့်ပါမယ်… brush ကို ဒီမှာ download ရယူနိုင်ပါတယ်… http://www.brusheezy.com/brush/1361-Real-Smoke-Photoshop-Brushes
download လုပ်ပြီး ရလာတဲ့ zip file ကို extract လုပ်ပါ… extract လုပ်ပြီးထွက်လာတဲ့ file ကို double click လုပ်ပါ…
photoshop ရဲ့ brush set ထဲမှာ ဘေးပုံမှာပြထားသလို smoke brush တွေဝင်သွားပါလိမ့်မယ်…
.
3 . layer အသစ်ယူလိုက်ပါ… ပြီးရင် အောက်ပုံမှာပြထားသလို ကိုယ်လုပ်မယ့်ပုံနဲ့ လိုက်မယ်ထင်တဲ့ smoke brush ၁ ခုကိုရွေးပြီး ပုံမှာရိုက်လိုက်ပါ… (ကိုယ်လိုချင်သလို့ ၁ခုမကယူပြီးရိုက်နိုင်ပါတယ်)
3
.
4
4 . နောက်တဆင့် အနေနဲ့ somke ကို အရောင်ဖြည့်ပါမယ်… soft round brush ၁ခုကို ရွေးလိုက်ပါ… diameter နဲ့ hardness ကို ၅၀ ထားလိုက်ပါ(အဆင်ပြေသလိုထားနိုင်ပါတယ်)…
.
.
ပြီးရင် new layer ယူလိုက်ပါ… ကြိုက်တဲ့ အေ၇ာင် ၁ ရောင်ရွေးပြီး smoke brush ရှိတဲ့ အပေါ်မှာရိုက်လိုက်ပါ…
အောက်ပုံမှာပြထားသလို အရောင်စုံအောင်ရွေးပြီး ရိုက်လိုက်ပါ… အရောင် ၁ ရောင်ရိုက်တိုင်း new layer ၁ခုယူပါ… ( ဥပမာ. အရောင် ၁၀ ရောင်အတွက် layer ၁၀ ခုရှိနေရပါမယ် )
.
4
5 . smoke အကုန်လုံးနီးပါကို soft round brush တွေနဲ့ ဖုံးပြီးပြီဆိုရင်… (ctrl) key ကိုနှိပ်ထားပြီး နဂို smoke brush ရှိတဲ့ layer ကိုပြန်ရွေးလိုက်ပါ… smoke brush ရှိတဲ့ နေရာတွေကိုပဲ selection ဖြစ်သွားပါလိမ့်မယ်… ပြီးရင် selection ကိုပြောင်းပြန်ဖြစ်သွားအောင် select > inverse (or) ctrl+shift+i ကိုနှိပ်လိုက်ပါ… အောက်ပုံမှာပြထားသလို selection ဖြစ်သွားပါလိမ့်မယ်…
5
6
6 . ဒီ inverse selection ကိုမပျောက်စေပဲ soft round brush ရှိတဲ့ layer ၁ ခု ကိုရွေးလိုက် delete key ၁ခါနှိပ်လိုက် လုပ်ပါ (ဥပမာ soft round brush layer ၁၀ ခုအတွက် ၁၀ခါလုပ်ပေးရပါမယ်)( layer တွေကို remove လုပ်ခိုင်းတာမဟုတ်ပါ )
smoke brush ရှိတဲ့နေရာတွေမှာပဲ အရောင်တွေကျန်ခဲ့ပါလိမ့်မယ်…
ပြီးရင် soft round brush ရှိတဲ့ layer တိုင်းကို Overlay နဲ့ လိုက် blend လိုက်ပါ…
blend ပြီးပြီဆိုရင်အောင်ပုံမှာပြထားသလို ပုံစံမျိုးရပါလိမ့်မယ်…
.
6
7
7 . နောက်ဆုံးအဆင့် အနေနဲ့ soft round brush ရှိတဲ့ layer တွေအားလုံးကို ပေါင်းပြီး group လုပ်လိုက်ပါ…
ရလာတဲ့ group ကို duplicate လုပ်လိုက်ပါ… ( ဘေးပုံမှပြထားသလို group 2 ဆိုပြီးရပါလိမ့်မယ် )
group 2 ကို ဘေးပုံမှာပြထားသလို color burn နဲ့ blend လိုက်ပါ…
ဒါဆို ကျွန်တော်တို့လိုချင်တဲ့ rainbow smoke လေး အောက်ပုံမှာပြထားသလို ရသွားပါလိမ့်မယ်…
.
7
Rainbow Smoke Tutorial လေးကိုကြိုက်ကြ မယ်လို့ထင်ပါတယ်…
လိုက်လုပ်လို့ အဆင်မပြေရင်တော့ comment ၀င်ပေးပြီး မေးနိုင်ပါတယ်…
နောက်လည်း tutorial တွေအဆင်ပြေရင်ပြေသလို တင်သွားပါမယ်… =)

သိပ်ကောင်းပါတယ်
*0* !!! cool babe !!! land twat nay dar bal chan kat nay gar yal dan kwat nae yite dar tg cat parr ma lar buu kwal !!! wowww !!!!!!!!! sat swal babe !!! yea babe !!! wow !!!!!!!!! xD
အရမ်းကိုကြိုက်ပါတယ် နောက်လဲပုံအလန်းတွေ အမိုက်စားတွေတင်ပေးပါနော်
ပုံဆန်းဆန်းလေးတွေကိုမေးထဲပို့ ပေးလို့ရရင်ပို့ ပေးပါလား websidesမသိတဲ့ သူတွေကိုပြန်လဲဝေပေးချင်လို့ပါနော်
download လုပ်ပြီး ရလာတဲ့ zip file ကို extract လုပ်ပါတယ်… extract လုပ်ပြီးထွက်လာတဲ့ file ကို double click လုပ်ပါတယ်…
photoshop ရဲ့ brush set ထဲမှာ smoke brush မ၀င်ဘူးဖြစ်နေပါတယ်…။ Adobe photoshop version 7.0 ပါ။ ဘာများမှားနေလဲမသိဘူး..။ ကူညီပေးပါဦး..။ ကျေးဇူးတင်ပါတယ်
အရမ်းကောင်းပါတယ်။ ProMyanmar ဒီထက်ပိုပြီး ဆက်လက်ကောင်းနိုင်ပါစေ။
ok ပြီ pk ဆိုတဲ့ကောင် pk က မင်းအဖေလား
အမြဲလာရောက်လေ့လာရမယ့် နေရတစ်ခုတိုးပြီ။ မျှဝေတာတွေအတွက် ကျေးဇူးပါ။
လုပ်လို့ရသွားပြီဗျို့…..အရမ်းကြိုက်တယ်…
ကျေးဇူးဘဲ
အရမ်းမိုက်တယ်…
တစ်ခုလောက်ကူညီပါလား….ကျွန်တော့စက်က photoshop cs2ကို install လုပ်လို့မရဘူး install လုပ်ရင် ၀င်တော့ဝင်တယ် သူက Activate လုပ်ခိုင်းတော့ အဆင်မပြေဘူးဖြစ်နေတယ်…ကူညီလို့ရရင် ကူညီပါအုံး…
ကျေးဇူးတင်ပါတယ်..
Wow, a neat blending so good, man. Keep it up and thanks for a useful tut like this. Hope you’d share more tricks like this..
ကျေးဇူးပဲဗျာ…တစ်ခြား TUT လေးတွေလည်း share ပေးပါဦး
အသစ်!!
အသစ်!!
တင်ပါဦးဗျိုးးးးးးးးးးးးးးးးးး
ok ပြီ ဟဲဟဲ
အဟဲ
flickerမှာဆရာချည်းပဲ
ကိုယ်လုပ်ခဲ့တာတွေကဘာမှမဟုတ်ဘူးဖြစ်သွားတယ်
အဟီးးး
အားလုံးအဆင်ပြေသွားပြီဗျ..လူလဲ ပျော်သွားတယ်…ပညာတခုရလိုက်တာကိုး…။
ကျေးဇူးအများကြီးတင်တယ်…နောက်လဲ လာမယ်ဗျာ..။
ကျေးဇူးဗျို့… ဒီနေ့.. ထပ်လာ.. ကြည့်မှ… ရသွားတော့တယ်.. မနေ့က မနက်နဲ့ ညနေ.. လုပ်တာ.. အဆင်မပြေဘူး… ရှိသမျှလူတွေကိုလဲ.. လိုက်မေးကြည့်တာ… သူတို့ တော့.. လုပ်တတ်တယ်.. ကျတော့်ကို နားလည်အောင် မပြောပြတတ်တာ.. ကျတော်ကပိန်းတာကိုး… အခု.. အစ်ကို နံပါတ်၆ ကိုပြန်ရှင်းထားတော့… ရသွားပြီ.. ကျေးဇူး.. ကျေးဇူးကျေးဇူး…။
ကျနော့်အတွက်တော့အားလုံးအဆင်ပြေတယ်ဗျာ
လိုက်လုပ်ပြီးတဲ့အကြောင်းလာပြောပြတာ
တစ်လက်စနဲ့တစ်ခုမေးပါရစေ
မြန်မာပြည်မှာflickerဝင်လို့ရလားသိချင်ပါတယ်
သူကyahoo acountပဲတောင်းလို့ပါ ခုလောလောဆည်တော့ ကျနော်ဖန်တီးထားတဲ့အပုံတွေကို
photobucketနဲ့ picaca web albumsတွေမှာပဲတင်ဖြစ်နေပါတယ်။
ကျေးဇူးပဲpromyanmarရေးးးးးးးး
ကျေးဇူးဘဲ .
ကျနော် အခုပြန်ကြိုးစားလိုက်ဦးမယ်ဗျာ..။
မနေ့ ညနေကတည်းက မနားမနေ လုပ်နေတာ….ညံ့တဲ့ လူများ ဒီလိုဘဲဗျ…။း)
ကိုသစ်နက်ဆူးရေ,
Tutorial ကိုလိုက်လုပ်ပြီး comment ၀င်ပေးထားတာတွေ့လို့ ကျေးဇူးတင်ပါတယ်.
အခု အဆင့် 6 မှာ စာကြောင်းတွေ ပြန်ပြင်ထားပါတယ်.. အဆင်ပြေမယ်လို့ထင်ပါတယ်..
မပြေသေးရင်တော့ comment ပေးပြီးထပ်မေးနိုင်ပါတယ်
ကျေးဇူးတင်ပါတယ်… =)
admin
နည်းပညာတွေကို လက်ဆင့်ကမ်း တင်ပြပေးတဲ့ အတွက် ကျေးဇူးပါဘဲဗျာ..
ကျနော် ကြိုးစားကြည့်ပေမယ့် အဆင့် ၆ ရောက်တာနဲ့ အဆင်ကမပြေတော့ဘူးဗျ.။
layer တွေကိုပြန်ရွေးပြီး delete လိုက်လုပ်ပါ…
smoke brush ရှိတဲ့နေရာတွေမှာပဲ အရောင်တွေကျန်ခဲ့ပါလိမ့်မယ်…
ဆိုပေမယ့် လေယာတွေ အကုန်ပျောက်သွားတယ်..
ဖြစ်နိုင်မယ်ဆိုရင် အဆင့် ၆ မှ စပြီး ပိုပြီးရှင်းရှင်းလေးနားလည်အောင် ကူညီပေးပါလားဗျာ..။
Thank you so much for sharing bro =)
အခုလို tutorial ပါဖော်ပြပေးတဲ့အတွက် ကျေးဇူးပါဗျာ၊ နောင်ဆို tutorial ဖော်ပြဖို့ အချိန်မရခဲ့ဘူးဆိုရင် လေ့လာနိုင်မယ့် link လေး ကျေးဇူးပြု၍ထားခဲ့ပေးပါလို့ တောင်းဆိုချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
ZARNI
မျှော်နေတာနဲ့အတော်ပဲဗျိုးးး
ခုတော့အချိန်အတောင်လင့်နေလို့ နားတော့မယ်
နက်ဖြန်စောစောလာခဲ့မယ်ဗျာ
လိုက်လုပ်ပြီးရင်အဆင်ပြေမပြေ ကွန်မန့်ပြန်ပါ့မယ်
ဒီတခါလည်းကျေးဇူးအထူးပါဗျိုးးးးး