2009
10.21

Optical Illusion

(A)ရှိနေတဲ့ လေးထောင့်ကွက်အရောင်နဲ့ (B)ရှိနေတဲ့ လေးထောင့်ကွက်အရောင် တူပါသလား…? မတူပါဘူး… လုံးဝကိုမတူပါဘူး… ဒီလိုထင်လိုက်ရင်တော့ လုံးဝကိုမှားပါတယ်…တူနေတာမှ တစ်ထပ်ထဲပါပဲ… ဒီလို စိတ်ကိုထင်ယောင် ထင်မှားဖြစ်စေတာဟာ Optical illusion သဘောတရားတွေကြောင့်ပါ…

optical illusion ကို ဥပမာပုံတွေနဲ့  ကြည့်လိုက်ကြရအောင်… =)

Optical Illusion (အမြင်ပိုင်းဆိုင်ရာ ထင်ယောင်ထင်မှားဖြစ်ခြင်း ) ဆိုတာဟာ object ၁ခုကို ဦးနှောက်ကပုံဖေါ်ပေးတဲ့ visual ( အမြင်ပိုင်းဆိုင်ရာ ) ပုံရိပ်တွေနဲ့ အဲ့ဒီ object ရဲ့ reality ( ရုပ်ပိုင်းဆိုင်ရာ ) သွင်ပြင်တွေ ကွဲပြားနေတာကိုဆိုလိုပါတယ်… အခုဒီ post မှာ စုစည်းတင်ပြလိုက်တာတဲ့ ပုံတွေကတော့ တကယ့်ကို မယုံချင်စရာ optical illusion တွေပဲဖြစ်ပါတယ်…

1 ဘယ်အ၀ိုင်းတွေ လည်နေလဲ ?

Rotating Snake

Rotating Snake

အမြင်ပိုင်းဆိုင်ရာအရဆိုရင်တော့ အ၀ိုင်းတိုင်းဟာလည်နေပါတယ်… ရုပ်ပိုင်းဆိုင်ရာအရဆိုရင်တော့ တစ်ဝိုင်းမှ မလည်ပါဘူး… ကိုယ်ကြည့်တဲ့ အ၀ိုင်းကရပ်နေတယ်… ကျန်တဲ့အ၀ိုင်းတွေက လည်နေတယ်…

Rotating Snake ကိုတင်ပြသူကတော့ Akiyoshi Kitaoka ဆိုသူပါ…

.

2 အမည်းစက်လေးတွေ ရေကြည့်ရအောင်…

Grid illusion

Grid illusion

အမည်းစက် ဘယ်နှစက်ရှိလဲ…? အမြင်ပိုင်းဆိုင်ရာအရဆိုရင်တော့ အစက်တွေဟာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပါတယ်… ရုပ်ပိုင်းဆိုင်ရာအရဆိုရင်တော့ ၁စက်မှ မရှိပါဘူး… ကိုယ်ကြည့်တဲ့နေရာမှာ အစက်တွေကပျောက်နေပြီး ကျန်တဲ့နေရာတွေမှာ ပေါ်နေပါတယ်…

Grid illusion ကိုတင်ပြသူကတော့ Ludimar Hermann ဆိုသူပါ…

.

3 ကောင်မလေး နိုင်ရီလက်တံ (clockwise ) အတိုင်း လည်နေတာလား ?

Spinningwoman

Spinningwoman

ကြည့်ကြည့်ချင်းတော့ ဟုတ်ပါတယ်… သေချာပြန်ကြည့်ကြည့်ပါ… နိုင်ရီလက်တံ ပြောင်းပြန် (counter clockwise ) အတိုင်းလည်း လည်ပါတယ်… ( ၂ မျိုးစလုံးလည်ပါတယ် )… ကိုယ်စိတ်ထဲ မှတ်ထားတဲ့ပေါ်မူတည်ပြီး လည်တဲ့ direction ပြောင်းသွားတာပါ…

Spinning Woman ကိုတင်ပြသူကတော့ Nobuyuki Khayahara ဆိုသူပါ…

.

4 မိန်းမပုံ ၁ပုံ ယောင်္ကျားပုံ ၁ပုံလား ?

Sex Illusion

Sex Illusion

မဟုတ်ပါဘူး… လူ၁ယောက်ထဲ ရဲ့ပုံပါ… ကွဲနေတာကတော့ မျက်နှာပေါ်မှာ ရှိတဲ့ contract အနည်းအများပါပဲ… မိန်းမမျက်နှာရဲ့ မျက်လုံးနဲ့ ပါးစပ်တွေမှာ ယောင်္ကျားမျက်နှာထက် contract ပိုများပါတယ်… ကျန်တဲ့အပိုင်းတွေကတော့ မိန်းမက ယောင်္ကျားထက် contract ပိုနည်းပါတယ်…

Sex Illusion ကို တင်ပြသူကတော့ Richard Russell ဆိုသူပါ…

.

5 (A)ရှိနေတဲ့ လေးထောင့်ကွက်အရောင်နဲ့ (B)ရှိနေတဲ့ လေးထောင့်ကွက်အရောင် တူပါသလား ?

Same color illusion

Same color illusion

အမြင်ပိုင်းဆိုင်ရာအရဆိုရင်တော့ လုံးဝကိုမတူပါဘူး… ရုပ်ပိုင်းဆိုင်ရာအရဆိုရင်တော့ တူတာမှ တစ်ထပ်ထဲကိုတူတာပါ… စမ်းကြည့်လို့ရတဲ့နည်း ၂ နည်းရှိပါတယ်… (၁) Paint (၂) Photoshop တို့ကိုအသုံးပြုပြီးဖြစ်ပါတယ်…

Paint နဲ့အခုပုံကိုဖွင့်လိုက်ပါ… ပြီးရင် အောက်ပုံမှာပြထားသလို (A) ရှိတဲ့အကွက်နဲ့ (B) ရှိတဲ့အကွက်တွေကို cut လုပ်ပြီးဘေးကိုရွေ့ကြည့်ပါ… တူနေတာကို တွေ့ရမှာပါ…

ဒါနဲ့မှ မကျေနပ်ရင်တော့ Photoshop နဲ့ထပ် စမ်းနိုင်ပါသေးတယ်… (A)ရှိနေတဲ့ လေးထောင့်ကွက် အရောင်ကိုချိန်ကြည့်ပါ… #787878 ဖြစ်ပါတယ်… (B)ရှိနေတဲ့ လေးထောင့်ကွက် အရောင်ကိုလည်းချိန်ကြည့်ပါ… #787878 ပဲဖြစ်ပါတယ်… ဒါကိုကြည့်ချင်းအားဖြင့် ဒီအရောင် ၂ရောင်တူနေတာဟာ code လေး ၁ လုံးတောင်မှ မလွဲတာကိုတွေ့ရမှာပါ…

Same color Illusion ကိုတင်ပြသူကတော့ Edward H.Adelson ဆိုသူပါ…

Same color illusion 1

Same color illusion 1

ကျွန်တော်ကတော့ နောက်ဆုံး same color illusion ကိုအကြိုက်ဆုံးပါ…

အခြား optical illusion ပုံတွေကို http://www.dailycognition.com/index.php/2009/02/19/20-incredible-optical-illusions.html မှာသွားကြည့်နိုင်ပါတယ်…

optical illusion အပေါ်အမြင်လေးတွေ ပြောခဲ့ပါဦး … =)

VN:F [1.7.0_948]
Rating: 4.3/5 (8 votes cast)

Related Posts

47 comments so far

Add Your Comment
  1. ကျေးဇူးပဲအစ်ကိုရာ…မသိတာတွေအများကြီးသိရတဲ့အတွက်ပါ..နောက်ပြီး
    လင့်တွေပါထပ်ပေးတဲ့အတွက်ေ၇ာ..အားလုံးပေါ့..နောက်လည်းထပ်တင်ပေးထားအုံးနော်
    ကူးသွားတယ်နော်.သူငယ်ချင်းတွေကိုဝေမျှပေးမလို့နော်

  2. I like it very much. thanks a lot.

  3. အဲတာကြောင့်ထင်တယ်အမေနဲ့ သမီးလျှောက်လာရင် သမီးပဲမြင်နေတာ
    မနေ့က ဘီယာသွားဆွဲတော့လဲ လူတွေလည်နေတာ ဒီမျက်လုံးမှားနေပါတယ်လို့ ထင်ပါတယ် ခုမှပဲသိတော့တယ် ဗျာ ကျွန်တော်မျက်လုံးကို ဘယ်သူလှည့်စားလိုက်တာလဲ တော့မသိလိုက်ဘူး။….
    ဘာပဲံဖြစ်ဖြစ် ဒီကဟာတွေတော်တော် ကောင်းတယ်ဗျာ ကြိုးစားပါ အားပေးတယ်
    လိုရင်ပြော ပေါ့ ဗျာ……….. (̅_̅_̅_̅(̲̲̲̲̲̅̅̅̅̅̅(̅_̅_̲̅м̲̅a̲̅rl̲̅b̲̅o̲̅r̲̅o̲̅̅_̅_̅_̅()ڪ

  4. မိန်းမပုံက နှစ်မျိုးစလုံးလည်အောင်လုပ်ထားတယ်ထင်တာပဲ
    ပုံကိုအရုံစိုက်ပြီးကြည့်ရင် ညာခြေရပ်ပြီးဘယ်ခြေရပ်သွားတယ်

  5. အံ့သြစရာကောင်းပါတယ်။ပျော်စရာလည်းကောင်းပါတယ်။ပေးချင်တဲ့ message ကဘာပါလိမ့်။

  6. i love it, thzs for the posts.
    thzs for developing the site also.
    I addict to seeing them

  7. တပိုင်းဖိုးတော့ ခိုင်သွားပြီ……….ကျေးဇူးပဲ……………
    များများတင်ပါ…….