2009
12.24

Tilt Shift Tutorial

တကယ့် အရာဝတ္ထုတွေကို အရုပ်သေးသေးလေး( miniature) ပုံစံမျိုးဖြစ်သွားအောင် camera lens တွေထဲက Tilt shift lens ကိုသုံးပြီးရိုက်ကြပါတယ်… Tilt shift lens တွေဟာတန်ဖိုးတော်တော်ကြီးပါတယ်… ဒါပေမယ့် Tilt shift lensမသုံးပဲ ရိုက်ထားတဲ့ ပုံမှန်ဓါတ်ပုံတွေကိုလည်း  photoshop သုံးပြီး miniature effect မျိုးရအောင်ပြန်လည် ဖန်တီးနိုင်ပါတယ်…

fake tilt shift photo အလွယ်လုပ်နည်း photoshop tutorial လေးကို share လိုက်ပါတယ်… =)

အောက်ကပုံကတော့ ဒီ tutorial ကိုသုံးပြီးရလာတဲ့ final result ပါ…

FINAL RESULT

FINAL RESULT

Photograph by Promyanmar

1 . ကိုလုပ်ချင်တဲ့ ပုံကို photoshop နဲ့ဖွင့်လိုက်ပါ…

လူအုပ်တွေ… လမ်းမတွေ… လူနေအိမ်တွေကို အဝေးအမြင့် တစ်နေရကနေရိုက်ထားတဲ့ ဓါတ်ပုံမျိုးတွေက ဒီ tutorial အတွက် အကောင်းဆုံးပါ…

1

1

2

2

.

2 . ဘေးပုံများပြထားတဲ့ quick mask ကိုနှိပ်လိုက်ပါ…

foreground color အနက်နဲ့ background color အဖြူ ဖြစ်သွားပါလိမ့်မယ်…

.

3 .  (1) အောက်ပုံမှာ ပြထားသလို gradient tools ကိုရွေးလိုက်ပါ…

(2) radial gradient ကနေ linear gradient ကိုပြောင်းလိုက်ပါ…

3

3

4 . shift key ကိုနှိပ်ထားပြီး linear gradient နဲ့ အပေါ်ကနေ ၁ခါ အောက်ကနေ ၁ခါ … ကိုယ် focus လုပ်ချင်တဲ့နေရာကို ချန်ထားပြီး အောက်ပုံမှပြထားသလိုဆွဲလိုက်ပါ…

အနီရောင် ပါးပါးလေး ပေါ်လာပါလိမ့်မယ်…

4

4

5

5

.

5 . ဘေးပုံမှာပြထားသလို quick mask ကိုပြန်နှိပ်လိုက်ပါ…

.

6 . အောက်ပုံမှာပြထားသလို selection ပေးပြီးသားဖြစ်သွားပါလိမ့်မယ်…

selection ကိုပြောင်းပြန်ဖြစ်သွားအောင် select > inverse (or) ctrl+shift+i ကိုနှိပ်လိုက်ပါ..

.

6

6

7 . selection ပြောင်းပြန်ဖြစ်သွားပြီဆိုရင်… Filter > Blur > Lens Blur ကိုသွားလိုက်ပါ…

ကိုယ်လိုချင်တဲ့ တန်ဖိုးကိုထားပြီး ok နှိပ်လိုက်ပါ… အောက်ပုံမှာပြထားသလို  ၀ါးသွားပြီး miniature ပုံစံမျိုးလေးဖြစ်သွားပါလိမ့်မယ်…

7

7

8

8

8 . နောက်ဆုံးအဆင့်အနေနဲ့ ပုံကို အရုပ်လေးတွေနဲ့ပိုပြီးတူအောင် … layer > new adjustment layer > Hue/Saturation ကိုသွားလိုက်ပါ…

ဘေးပုံမှာပြထားသလို saturation ကိုကိုယ် ကျေနပ်တဲ့ အထိမြင့်ပေးလိုက်ပါ…

.

9 . ကျွန်တော်တို့လိုချင်တဲ့ fake tilt shift photo လေးရသွားပါလိမ့်မယ်…

9

9

fake titl shift tutorial လေးကို နှစ်သက်ကြမှာပါ…

အောက်ကပုံလေးတွေကတော့ ဒီ tutorial နဲ့လုပ်ထားတဲ့ ပုံလေးတွေပါ…

.

.

Photograph by Ye Myo

.

.

Photograph by Ye Myo

.

.

Photograph by ProMyanmar

.

.

Photograph by ProMyanmar

- ADVANCE tilt shift tutorial ကိုလုပ်ချင်ရင်တော့ အောက်ကပေးထားတဲ့ link တွေပေါ် click ပြီးသွားဖတ်နိုင်ပါတယ်… tiltshiftphotography.net …..        psd.tutsplus.com

- ပုံကို upload လုပ်ပြီး ကိုယ် focus လုပ်ချင်တဲ့နေရာ ရွေးလိုက်တာနဲ့ tilt shift photo ကို auto ပြောင်းပေးစေချင်ရင်တော့ … http://tiltshiftmaker.com/photo-editing.php မှာအလွယ်တကူ သွားလုပ်နိုင်ပါတယ်…

နောက်လည်း tutorial တွေအဆင်ပြေရင်ပြေသလို တင်သွားပါမယ်… =)

VN:F [1.7.0_948]
Rating: 4.3/5 (9 votes cast)

Related Posts

12 comments so far

Add Your Comment
  1. hote dal hote dal !!! :D
    htout kann pay dar bar !!! :P
    mite dal !!! hote dal kat mal htin dar !!! :D thxz babe !!! yae babe !!! :D
    wow !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!! happy new year babe !!!!! xD

  2. ဒိလိုပညာပေးတဲ့ဆိုဒ်ကောင်းလေးကိုဒိနေ့မှတွေ့တာနာတယ်ရှင့် ။ကျေးဇူးတင်ပါတယ်သင်ဆရာရယ်…။

  3. thz par bro

  4. အကို့ကိုတကယ်ကျေးဇူးတင်သွာပြီဗျာ
    အရင်တုံးကဒါမျိုးပုံလေးတွင်မြင်ရင် တအားသဘောကျပြီး ကိုယ်ကိုတိုင်လုပ်ကြည့်ချင်နေခဲ့တာ
    Thank you very much!
    Happy New Year ပါအကို…….

  5. ကျမမှာ Photo shop မရှိလို့ မရဘူးပေါ့နော်
    ဘယ်လိုထည့်ရမလဲ

  6. ကျနော်လည်းနှစ်သစ်မှာ….
    ပုံလေး တစ်ပုံ လုပ်ဖြစ်တယ်…
    လာလည်ပါဦး
    http://thitnetsue-tns.blogspot.com/

  7. အခုချက်ချင်းလုပ်မယ်……….ကွာ

  8. like this :)

  9. Good !
    စမ်းကြည့်တာပေါ့း-)

  10. ကျေးဇူးပါပဲ ပရိုမြန်မာရေ … အခုလို သေချာနားလည်အောင် step အလိုက် ရှင်းပြပေးတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ်။ စမ်းရတာလဲ ကောင်းတာပေါ့ ။ ခရစ်ယာန် မဟုတ်ပေမယ့် ခရစ္စမတ် မှာ ပရိုမြန်မာ နဲ့ ၀ါသနာရှင် တွေအားလုံး ပျော်ရွင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် ။ နောင် အားလုံးစုပြီး Team လေး တစ်ခုလောက်ထောင်စေချင်တယ် ပရိုမြန်မာ ဦးဆောင်ပြီးပေါ့… တကယ်လို့ အများစုပြီး တခုခု လုပ်ဖြစ်ရင် လက်တို့လိုက်ပါဦး… နှစ်သစ်မှာ အားလုံးပျော်ရွင်ကြပါစေ

  11. ကျေးဇူးအထူးပါပဲခင်ဗျား….
    စောင့်ရကျိုးနပ်ပါတယ်.. ခင်ဗျား…
    ပျော်ရွင်သော.. ခရစ်စမတ်.. ဖြစ်ပါစေ….။

  12. တကယ်လွယ်ကူပြီးအရမ်းလည်းလန်းတဲ့ဖန်တီးမှုပါပဲ
    မသိခင်တုန်းကတော့တော်တော်ခက်လိမ့်မယ်ထင်ခဲ့တာဗျ
    ကျေးဇူးpromyanmarရေးးး
    merry christmasဗျာ
    လာမယ့်tutတွေကိုလည်းမျှော်နေပါ့မယ်ဗျိုးးးးး