2009
11.28

Typography Portrait Tutorial

ဒီတခါ post ကတော့ typography portrait ပုံစံမျိုးကို photoshop မှာဘယ်လိုလုပ်မလဲဆိုတဲ့ photoshop tutorial လေးပဲဖြစ်ပါတယ်… လွယ်ကူပြီး အသုံးဝင်တဲ့ tutorial လေးပါ… သင့်ဓါတ်ပုံကိုပဲဖြစ်ဖြစ်… သင့်မိသားစုဝင် ၁ယောက်ယောက်ဓါတ်ပုံကိုပဲဖြစ်ဖြစ် ဒီ tutorial လေးကိုစမ်းကြည့်နိုင်ပါတယ်…

တကယ်ပဲ လွယ်ကူတဲ့ tutorial လေးဖြစ်လို့ share လိုက်ပါတယ်… =)

FINAL RESULT

Final Result

FINAL RESULT

ကျွန်တော်ကတော့ David Backham ပုံကိုယူသုံးလိုက်ပါတယ်… ကျွန်တော်ယူသုံးထားတဲ့ပုံကို ဒီမှာ ကြည့်နိုင်ပါတယ် … http://wowheaded.com/sb/wallpapers/david-beckham-wallpaper-7.jpg

1 . ကိုယ်လုပ်ချင်တဲ့ ပုံကို photoshop နဲ့ဖွင့်လိုက်ပါ… ဒီ tutorial အတွက် မျက်နှာပုံက  အသင့်တော်ဆုံးဖြစ်ပါတယ်…

Typography Portrait Tutorial 1

1

2 . (a) layer အသစ်ယူလိုက်ပါ… ပြီးရင် အနက်ရောင်ဖြည့်လိုက်ပါ…

(b) နောက်ထပ် layer အသစ် ၁ခုထပ်ယူပြီး text တွေအပြည့်ဖြည့်လိုက်ပါ( text color ကတော့ အဖြူရောင်ဖြစ်နေရပါမယ် )… ကျွန်တော်ကတော့ David Beckham ဆိုတဲ့ text ကိုပဲဖြည့်လိုက်ပါတယ်… ကိုယ်ကြိုက်တဲ့ text ကိုထည့်လို့ရပါတယ်… ( size တော့မကြီးစေပါနဲ့ )

2

2

3 . နောက်တဆင့်အနေနဲ့ နဂို beckham ရှိတဲ့ Layer ကို duplicate လုပ်ပြီး layer တွေအားလုံးရဲ့အပေါ်ကိုတင်လိုက်ပါ…

တင်ပြီးရင် အဲ့ဒီ layer ကိုအရောင်ပျောက်သွားအောင်… Image > Adjustments > Desaturate (or) ctrl + shift + u ကိုနှိပ်လိုက်ပါ… အောက်ပုံမှာပြထားသလို ဖြစ်သွားပါလိမ့်မယ်…

3

3

4

4

4 . layer တွေက ဘေးပုံမှာပြထား သလို အစီအစဉ်အတိုင်းရှိနေရပါမယ်…

Desaturate လုပ်ပြီးအရောင်တွေပျောက်သွားပြီးဆိုရင် ဘေးပုံမှာပြထားသလို Multiply နဲ့ blend လိုက်ပါ…

blend ပြီးပြီဆိုရင်အောင်ပုံမှာပြထားသလို ပုံစံမျိုးရပါလိမ့်မယ်…

.

.

.

.

5

4

6

5

5 . နောက်ဆုံးအဆင့် အနေနဲ့ layer > new adjustment layer > levels ကိုသွားလိုက်ပါ…

ဘေးပုံမှာပြထားတာလေး ပေါ်လာပါလိမ့်မယ်… ကျွန်တော်တို့လုပ်နေတဲ့ ပုံရဲ့ contract များသွားအောင် အဲ့ဒီမှာ တန်ဖိုးလေးတွေကို  နည်းနည်းကစားပေးလိုက်ပါ…

ကိုယ်စိတ်တိုင်းကျတဲ့ အထိကစားလိုက်ပါ…

ဒါဆိုကျွန်တော်တို့လိုချင်တဲ့ typography portrait ရသွားပါလိမ့်မယ်

.

8

5

အောက်ကပုံကတော့ ဒီ tutorial ကိုပဲတခြား text တွေသုံးပြီးလုပ်ထားတာလေးပါ…

Typography Portrait Tutorial ကိုကြိုက်ကြ မယ်လို့ထင်ပါတယ်…

လိုက်လုပ်လို့ အဆင်မပြေရင်တော့ comment ၀င်ပေးပြီး မေးနိုင်ပါတယ်…

7

5

ADVANCE typographic portrait tutorial ကိုလုပ်ကြည့်ချင်ရင်တော့ အောက်ကပေးထားတဲ့ link မှာသွားဖတ်နိုင်ပါတယ်…

http://www.psdtop.com/blog/photo-effects/typographic-portrait-like-grammys-posters/

နောက်လည်း tutorial တွေအဆင်ပြေရင်ပြေသလို တင်သွားပါမယ်… =)

VN:F [1.7.0_948]
Rating: 4.5/5 (11 votes cast)

Related Posts

21 comments so far

Add Your Comment
  1. linkလေးကိုဖေါ်ပြပေးထားလို့ကျေးဇူးတင်ပါတယ်၊နောက်တစ်ခုမေးချင်တာကတော့photoshopမှာပုံဟောင်းတွေကိုကာလာဘယ်လိုထည့်လဲဆိုတာကိုဖြစ်နိုင်ရင်သင်ပြပေးစေချင်ပါတယ်။ပြည်ပရောက်နေလို့မေးးရာလူမရှိဖြစ်နေလို့ပါ