12.15
ဒီတခါတော့ website ၁ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်… ကိုယ်ကြိုက်တဲ့ ပုံကို upload လုပ်ပေးလိုက်တာနဲ့ typorganism အဖြစ်ပြောင်းပေးတာဖြစ်ပါတယ်… Typoraganism ဆိုတာဓါတ်ပုံတွေကို (ASCII) code တွေနဲ့ပြန်ဖော်ထားတာပါ… ကျွန်တော် အစမ်းလုပ်ထားတဲ့ ပုံတွေအားလုံးရဲ့အောက်မှာ website link နဲ့ ပြုလုပ်ပုံ အနည်းငယ်ကို ဖော်ပြထားပါတယ်…
ကိုယ်ရဲ့ဓါတ်ပုံကို စာလုံးတွေ နံပါတ်တွေ code တွေနဲ့ ကြည့်လို့ရမယ့် နည်း ၁ နည်းပါ…
monitor screen ရဲ့ဝေးဝေးကကြည့်ရင် ပိုတူပါတယ်… =)
.
typoraganism လုပ်လို့ရတဲ့ link ကတော့ http://www.typorganism.com/asciiomatic/ ပါ….
site ကိုဖွင့်လိုက်ရင် ဘေးပုံမှာပြထားတဲ့ box ပေါ်လာပါလိမ့်မယ်…
Upload Image ကို click လိုက်ပါ… window အသစ်၁ခုပွင့်ပြီး အောက်ကပုံမှာ ပြထားတာပေါ်လာပါလိမ့်မယ်…
.
1 . အရေးကြီးတာက ကိုယ်လုပ်မယ့်ပုံရဲ့ size ကို 60 x 50 pixel အရွယ် သေးသေးလေးဖြစ်အောင် resize အရင်လုပ်ပေးရပါတယ်…
2 . browse ကို click လိုက်ပြီး ကိုယ်resize လုပ်ထားတဲ့ ပုံကိုတင်ပါ…
3 . submit ကို click လိုက်ပါ…
ကိုယ်ရဲ့ပုံကို code တွေနဲ့မြင်ရပါလိမ့်မယ်…
monitor screen ရဲ့ဝေးဝေးကကြည့်ရင် ပိုတူပါတယ်… =)2
typorganism လုပ်လို့ရတဲ့ link လေးကို နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်… =)
ကျေးဇူးတင်ပါ ထာဝရ ကျန်းမာပါစေ……..
အခုလို ပညာပေး လမ်းညွှန်တဲ့အအတွက် အထူး ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကျေးဇူးတင်ပါ ထာဝရ ကျန်းမာပါစေ……..